ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့

စီခမ်းကြီး

ကချင်ပြည်နယ် မံစီမြိုနယ် စီခမ်းကြီးစခန်းသို့ KIA/AA နှင့် PDF ပူးပေါင်းအဖွဲ အင်အား ၃၀၀ ခန့်က Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ရေးမြို့

မွန်ပြည်နယ် ရေးမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ အကြမ်းဖက်သမားများ၏ Drone ၁ စီး ပျံသန်းလာသဖြင့် မိမိဘက်မှ ပစ်ခတ်ခဲ့ရာ Drone ၁ စီးအား လက်လုပ်ဗုံးသီး ၁ လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့။

မေတ္တာ၊ ထားဝယ်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဝကုန်းကျေးရွာအုပ်စု၏ အရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက် ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။

ဖြစ်စဉ်တွင် အကြမ်းဖက် ၁ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည် ၁၆ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

မောင်တော၊ ကြိမ်ချောင်း

ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ် ကြိမ်ချောင်းနယ်မြေရုံးသို့ AA သောင်းကျန်းသူ ၅၀ ဦးခန့်က နံနက် ၉ နာရီခန့်နှင့် ညနေ ၅ နာရီခန့်တို့တွင် ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရန်သူထိခိုက်မှုစုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ။

မတ္တရာ၊ စကားပင်ကျေးရွာ

မန္တလေးတိုင်း မတ္တရာမြိုနယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စကားပင်ကျေးရွာ ဘုန်းကြီးကျောင်းသိုအရောက် PDF ၈ ဦးအား တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့။

အကြမ်းဖက် PDF ၈လောင်း၊ KA-25 ၂ လက်၊ ၄၀ မမ ၁ လက်၊ ဗုံးသီး ၅ လုံး၊ ကျည် ၂၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၆ ခု၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။

မတ္တရာ၊ ကြပ်ပြင်ကျေးရွာ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကြပ်ပြင်ကျေးရွာအနီးသို့အရောက် PDF အကြမ်းဖက် ၁ ဦးက လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

PDF ၁ လောင်း၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့။

မင်းလှ

ပဲခူးတိုင်း မင်းလှမြို့နယ် ဟိုင်းရူးကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် ၁၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့။

အကြမ်းဖက်သမားများ၏ စိန်ပြောင်း ၁ လက် သိမ်းဆည်းရမိခဲ့ပြီး

မိမိစစ်သည် ၁ ဦးကျ၊ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ။ #Crd