စိတ်ဓါတ်ကျခဲ့ရင် မရပ်တန့်လိုက်ပါနဲ့ ၃ စင်တီမီတာကိုသတိရလိုက်ပါ…

” 3 cm ”

စိတ်ဓါတ်ကျခဲ့ရင် မရပ်တန့်လိုက်ပါနဲ့ 3စင်တီမီတာကိုသတိရပါ။

ဝါးတစ်ပင်က 3စင်တီမီတာကြီးဖို့ လေးနှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ ဝါးပင်တစ်ပင်ဟာ
၁ ရက်ကို ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့ ပထမဆုံး ၄ နှစ် မှာ
အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလဒ်မမြင်ရတဲ့အချိန်မှာ
ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့အချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀မီတာမြင့်ချင်ရင် ၁၀ မီတာအတွက်အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။
ကိုယ်က၁၀၀မီတာမြင့်ချင်ရင် ၁၀၀မီတာအမြင့်ကိုခံနိုင်တဲ့အခြေရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

” ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လည်း
စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်”။

ကိုယ်သာ အခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍
တစ်နေ့ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃စင်တီမီတာကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူပါပဲ ။
စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

crd; fb news