လူ့အခွင့်အရေးနှင့် ဘင်အရေးဆောင်ရွက်နေသည့် ဝေဝေနုမှ ၎င်း၏ဦးလေး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ပြောကြားချက်များ

ဝေဝေနုပြောပြီ
*************
လူ့အခွင့်အရေးနှင့် ဘင်အရေးဆောင်ရွက်နေသည့်
ဝေဝေနုမှ ၎င်း၏ဦးလေး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး
မနေ့က Fb Live လွှင့်ပြီး တရားဝင်ပြောလိုက်ပါတယ် –

* အောက်တိုဘာ ၈ ရက်နေ့က ဂူတာပြင်ရွာနေ
ဦးရှေကူလ်ဆိုသူအား AA အဖွဲ့မှ လုပ်ကြံပစ်ခတ်ခဲ့ပြီး
၎င်းကိစ္စကို AA က တာဝန်ခံမှုမရှိဘဲ ငြင်းဆိုနေတယ်

* လက်နက်ကိုင်တော်လှန်ရေးလုပ်ပါတယ်ဆိုပြီး
အပြစ်မဲ့အရပ်သားများကို tတ်ဖြတ်ချင်တိုင်း tတ်
ဖြတ်လို့ မရဘူး

* လုပ်ကြံခံရတဲ့နစ်နာသူဟာ ကိုယ့်လူမျိုးမဟုတ်လို့၊
မစာမနာပြောဆိုတာ၊ လူမျိုးရေးအမုန်းတရားဖြန့်
ချိတာ တွေ မလုပ်သင့်ဘူး

* AA အဖွဲ့ကတော့ သူတို့လုပ်တာမဟုတ်ဘူး။
အဲ့အချိန် ရွာထဲမှာ စစ်တပ်ပဲရှိတယ်လို့ ငြင်းထားတယ်

* ဒါပေမယ့် မျက်မြင်ရွာသားတွေပြောကြားချက်အရ
ရွာထဲမှာစစ်တပ်ကရှိနေပြီးတော့ ရွာရဲ့တစ်ဖက်ခြမ်း
တောင်တန်းမှာ AA အဖွဲ့ရှိတယ်။ လုပ်ကြံခံရသူက
ရွာကိုလာပြီးတော့မှ သူနေတဲ့ စစ်ဘေးရှောင်ရွာကို
ပြန်တဲ့အချိန် ရွာအပြန်လမ်းမှာ တစ်ဖက်တောင်တန်း
ကနေ သေချာချိန်ပြီး ပစ်ခတ်တာလို့ ပြောတယ်။
တစ်ဖက်တောင်တန်းမှာ AA အဖွဲ့ပဲရှိတာဖြစ်တယ်

* ဒီလိုအစွပ်စွဲခံလာရပြီဆိုရင် AA တာဝန်ရှိသူတွေ
အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် ပွင့်လင်းမြင်သာမှု
ရှိရှိ ဖြေရှင်းဆောင်ရွက်သင့်တယ်

* ပြီးရင် AA အဖွဲ့က ရွာသားတွေကို ဖမ်းဆီးနှိပ်စက်
တာတွေ၊ လမ်းတွေမှာ မိုင်းထောင်တာတွေကလည်း
စစ်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာပဲ
ဖြစ်တယ်

* AA အဖွဲ့က ကျူးလွန်သူတွေကို အမှန်အတိုင်း
အပြစ်ပေးသင့်တယ်

လုပ်ကြံခံရသူ ရှေကူလ်ဆိုသူမှာ ၎င်းနေထိုင်ရာ
ဂူတာပြင်ရွာသို့ပြန်ခဲ့ပြီး စစ်ဘေးရှောင်နေရာသို့ပြန်စဉ်
AA အဖွဲ့မှ ဘင်များအပေါ် အမျိုးမျိုးအနိုင်ကျင့်tတ်ဖြတ်
နေမှု သတင်းမှန်အား နိုင်ငံတကာရှိ ဘင်ခေါင်းဆောင်
များထံ ပေးပို့နေလို့ဟုဆိုကာ AA အဖွဲ့မှ စနိုက်ပါဖြင့်
ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း AA အဖွဲ့ဟာ
ဒုက္ခသည်စခန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို
လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေရှိခဲ့ပြီး ၂ နိုင်ငံကြား
ပြဿနာဖြစ်ပွားအောင် ဖန်းတီးခဲ့ပါသေးတယ်။။။

(ဝေဝေနု ပြောကြားချက်များမှ ကောက်နုတ်ပါသည်)
#KT