မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကုသိုလ်နဲ့တွဲပြီး ခရီးဆက်ပါ🌷

အမုန်းတွေနဲ့ခရီးဆက်နေတာထက်
ကျေအေးလိုက်ခြင်းက
ကိုယ့်ဘ၀ကို ပျော်ရွှင်စေပါတယ် ။

တုန့်ပြန်ဖို့ ကြိုးစားနေတာထက်
ခွင့်လွှတ်လိုက်ခြင်းက
ကိုယ့်ဘ၀ကို အေးချမ်းစေပါတယ် ။

ခံရတာတွေကို မှတ်ထားတာထက်
စိတ်သန့်ရှင်းအောင် နေခြင်းက
ဘ၀ကို ပိုပြီးမြင့်မြတ်စေပါတယ် ။

အနိုင်လိုချင်လို့ ပြိုင်နေတာထက်
အရှုံးပေးပြီး ရပ်တန့်လိုက်တာက
ကိုယ့်အတွက် ပိုချမ်းသာရပါတယ် ။

အကျင့်ပုတ်လို့ အမြတ်ရတာထက်
အနေရိုးသားလို့ ဘ၀နိမ့်ကျတာက
ပိုပြီးတော့ဂုဏ်ယူစရာကောင်းပါတယ် ။

အလုပ်နဲ့ချည်း အချိန်ကုန်သူထက်
ကုသိုလ်နဲ့တွဲပြီး ရှာဖွေတတ်သူက
ပိုပြီးတော့ ဘ၀အမြတ်ကျန်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏