တပ်မတော်တွင် အသည်းအစားထိုးခွဲစိတ်ကုသမှု ဆက်လက်ဆောင်ရွက်

တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ ကို ယနေ့တွင်  မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)ရှိ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။အသည်းအစားထိုးခွဲစိတ်ကုသမှုမှာ ဦးသောင်းဝင်းနှင့် ၎င်း၏ အသည်း အလှူရှင်ဖြစ်သော ဦးဖြိုးအောင်ဇင်တို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။