PDF များ၏ သတ်ဖြတ်မှုကြောင့် နေ့စဉ်သေဆုံး/ဒဏ်ရာရနေသည့် အပြစ်မဲ့ပြည်သူများ

-အောက်တိုဘာ ၁၇ ရက်နေ့ ၁၇၅၀ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးရုံလမ်း၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဆိုင်ကယ် အငှားယာဉ်ဂိတ်၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဋ္ဌာနမှ ဦးစိုးမင်းအောင်(၃၀)နှစ် အား PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ဝင်ရောက်လာပြီး ပစ္စတိုဖြင့် ၃ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစိုးမင်းအောင်တွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသစဉ် ၁၈၃၀ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရ။

-၁၁၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ဆည်တော်လေးကျေးရွာနေ ဒေါ်တင်လှ(၆၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ)ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်တင်လှတွင် လည်ပင်းကျည်ဖောက်ဝင်၊ ဝဲဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် ဒေါ်တင်လှသည် တပ်/ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသူဖြစ်သဖြင့် အကြမ်းဖက်သူများမှ ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိရပါသည်။

-၀၆၃၀ နာရီတွင် ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာနေ ဦးအောင်သူ(၃၆)နှစ်သည် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ပန်းရံကျေးရွာနှင့် ညောင်ကန်ကျေးရွာကြား၊ မူးဘောင်အနီး အရောက်၌ လမ်း၏ဝဲဘက်မှ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသော လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးအောင်သူတွင် ဝဲခြေမျက်စိ၊ ဝဲပေါင်မိုင်းစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

-၀၆၃၀ နာရီတွင် ပေါက်မြို့နယ်၊ ထန်းတပင်ကျေးရွာနေ ဦးဌေးလွင်(၄၉)နှစ်နှင့် ဦးချမ်းမြေ့အောင် (၃၈)နှစ်တို့ ၂ ဦးသည် ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ ရွာကြီးတောတိုက်မှ မှိုနှင့် ဝါးများခုတ်၍ ပေါက်ချောင်း-အလယ်စု-ထန်းတပင်သွားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ၁၁၁၀ နာရီတွင် ထန်းတပင်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ တောင်ကုန်းသို့ ရောက်ရှိစဉ် ဦးဌေးဝင်းသည် အကြမ်းဖက်သူအဖွဲ့(စိစစ်ဆဲ)မှ ထောင်ထားသည့် နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဝဲခြေကျင်းဝတ်ပြတ်ထွက်၊ ယာလက်ကောက်ဝတ်ပေါက်ပြဲ၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သောကြောင့် ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

-၁၅၀၀ နာရီတွင် ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ၁၅၃၀ နာရီတွင် မြင်းစီးကျေးရွာတံတားအနီး လမ်း၏ ယာဘက်ခြမ်း ၅ ပေခန့်အကွာသို့ ရောက်ရှိစဉ် PDF အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)မှ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ မြင်းစီးပသစ(ဌာနေ)မှ ဦးအောင်သူ(၃၅)နှစ်တွင် ဝဲ/ယာပေါင်မိုင်းစဖောက်ဝင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

-၀၁၅၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၏ တောင်ဘက် ၂ မိုင်ခန့်အကွာ ကလိန်ခင် ကျေးရွာနှင့် ထိန်တစ်ပင်ကျေးရွာအကြား မီးရထားလမ်းကြေးနန်းမိုင်တိုင်အမှတ် (၉၉/၇)နှင့် (၉၉/၈)အကြား တံတားအမှတ်(၁၃၆) အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရထားသံလမ်းဟောင်း ၂ ပေခန့် ပြတ်တောက်၊ ၁၀ ပေခန့် ကွေးသွားခဲ့ပြီး ဇလီဖားတုံး ၈ တုံးခန့် ပျက်စီး၊ ရထားသံလမ်းသစ် ၄၀၀ ပေခန့် ကွေးသွားခဲ့ပြီး ဇလီဖားတုံး ၂၀ တုံးခန့် ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။