သံကူကွန်ကရစ်တံတားအား အကြမ်းဖက်များက ဖောက်ခွဲ ဖျက်ဆီး

ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား(ဒေသအခေါ်)တောင်ဘို့ ၃ လုံးတံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါတံတား၏ အရှေ့ဘက်လက်ရမ်းနှင့်ကြမ်းခင်းတို့တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်