ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူအား ဖမ်းဆီးရမိ

  ချောကလက် ကဲ့သို့မုန့်များအား  ဆေးခြောက်အဆီဖြင့် ရောစပ်၍ Online ပေါ်မှ ရောင်းချခြင်းများအား လူငယ်များ အတုယူမှား မသုံးစွဲမိစေ ရန်အတွက်တားဆီးနှိမ်နှင်းရေးဆောင်ရွက်လျှက်ရှိရာ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၆)လမ်းမပေါ်တွင် မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းနေထိုင်သည့် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂၀)ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက်  ဆေးခြောက်အဆီ ၆၀ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။