ပီရူးတွင် ယာကူဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူခြောက်ဦးသေဆုံး

ပီရူးနိုင်ငံတွင်  ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားသည့်ယာကူဆိုင်ကလုန်းမုန်တိုင်း  ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူခြောက်ဦး  သေဆုံးသွားကြောင်း   အာဏာပိုင်များက   ထုတ်ပြန်သည်။

အင်အားပြင်းထန်သည့် အဆိုပါ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ နိုင်ငံမြောက်ပိုင်းရှိ ဒေသများတွင်   အပျက်အစီးအများအပြားကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့နောက်အာဏာပိုင် အဖွဲ့က ယင်းဒေသများအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများတွင် လမ်ဘာယေကီ၊ ပီယူးအာနှင့်တွန်ဒေသတို့ပါဝင်သည်။

အစိုးရသည် ယခုအခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများအတွင်းသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

သေဆုံးသူများသည် မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် နောက်ဆက်တွဲဖြစ်ပွားသည့် ရေကြီးမှုများအတွင်း သေဆုံးသွားခြင်း ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပီရူးနိုင်ငံတွင် မိုးရာသီစတင်ချိန်မှစ၍ ဖြစ်ပွားခဲ့သည့်  သဘာဝဘေးများအတွင်း လူ ၅၈ ဦး သေဆုံးခဲ့ရကြောင်း   သိရသည်။

Ref:ST