ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်မောင်းလာသည့် ဇနီးမောင်နှံကို PDF များက သေနတ်ဖြင့် ပစ်ခတ်

မတ်လ ၁၂ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆ (ဘီ) လမ်းနှင့် ၅၆ (စီ) လမ်းကြားတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ဇနီးမောင်နှံကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်ကိုလုယက် ယူဆောင်သွားကြောင်းသိရသည်။

အဆိုပါရပ်ကွက်နေ ကိုသိန်းသန်းစိုး (၂၃) နှစ် နှင့် ဇနီးဖြစ်သူ မပုံပုံ (၂၃) နှစ် တိုသည် ၎င်းတို၏နေအိမ်မှ 21W/85647 Honda Click ဆိုင်ကယ်ဖြင့် ၁၁၆ (အေ) လမ်းအတိုင်း မောင်းနှင် လာစဉ် အခင်းဖြစ်နေရာအရောက်တွင် နောက်မှဆိုင်ကယ်မောင်းနှင်လာသည့် ပီဒီအက်(ဖ်) အကြမ်းဖက်သမား အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ 21W/ 85647 Honda Click ဆိုင်ကယ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ကိုသိန်းသန်းစိုးနှင့် မပုံပုံတိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

(https://t.me/newsofmyanmar)