ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုး (၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) မန်စီးတီး (၁-၁) လီဗာပူးလ်ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည့် နော်ဝေတိုက်စစ်မှူးဟာလန်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄၈) ပွဲကစားပြီးချိန်တွင် သွင်းဂိုး (၅၀) ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုး (၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်သစ်တင်ရှိနိုင်ခဲ့ကြောင်းသိရသည်။

ဟာလန်းမတိုင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုး (၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်တင်ထားသူမှာ နယူးကာဆယ်နှင့် မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ် (၆၅ ပွဲတွင် ဂိုး ၅၀ ပြည့်မြောက်ခဲ့)ဖြစ်ပြီး ယခုဟာလန်းက အန်ဒီကိုးလ်၏စံချိန်ကို (၁၇) ပွဲအသာဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လီဗာပူးလ်အသင်းဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဟာလန်း၏ ပရီးမီးယားလိဂ်ကစားသမားဘ၀ ပြိုင်ဘက် (၂၂) သင်းနှင့် တွေ့ဆုံခဲ့ရာတွင် ဂိုးမသွင်းနိုင်သေးသည့် ပြိုင်ဘက်အသင်းအဖြစ် ဘရန့်ဖို့ဒ်တစ်သင်းသာ ကျန်ရှိတော့ကြောင်းသိရသည်။

crd; eleven