ပလက်ဝမြို့နယ်တွင် နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများကို ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေများပေးအပ်

ပလက်ဝမြို့ို့၊ မြို့မရပ်ကွက်ရှိ မြိုနယ်စီမံအုပ်ချုပ်အဖွဲရုံး၊ ကီမိုခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများကို ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေများ ပေးအပ်ပွဲပြုလုပ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ တိုက်ပွဲရှောင်စခန်း ကော်မတီဝင်များ၊ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပလက်ဝမြိုနယ်၊ အဘောင်သာကျေးရွာမှ နေရပ်ပြန် အိမ်ထောင်စု ၁၀၁ စု၊ လူဦးရေ အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၂၂၈ ဦး၊ စုစုပေါင်း ၄၄၅ ဦးအတွက် ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ စုလျှင် ၁ သိန်းကျပ်နှုန်း၊ ဆန်ရိက္ခာ ၁ လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၁ ကျပ်နှုန်း၊ စုစုပေါင်းငွေ ၁၄,၁၀၅,၀၀၀ ကျပ်နှင့် အိမ်သုံးပစ္စည်း ၁၇ မျိုးကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။