သည်းခံခြင်းသည်…

သည်းခံခြင်းသည်… အများနှင့်ဆက်ဆံရာမှာ အလွန်အရေးကြီးသော ဂုဏ်ရည်ဖြစ်သည်။

ကုသိုလ်ရဖို့အတွက် သည်းခံခြင်းသည် အရေးကြီးသည်။ သည်းခံခြင်းမရှိလျှင် ကုသိုလ်မရှိပါဘူး။

လူတော်လူကောင်းဖြစ်ဖို့ သည်းခံခြင်း ခန္တီ သည် အရေးပါသည်။

သည်းခံစရာတွေထဲမှ ကိုယ့်အပေါ်စော်ကား
ပြောဆိုတဲ့စကား တွေကိုလည်း သည်းခံရမယ်။

ရာသီဥတုဒဏ်ကိုလည်း သည်းခံရမယ်။
တရား အားထုတ်တဲ့အခါ ကိုယ့် အပေါ်ဝေဒနာ
တွေကိုလည်း သည်းခံရမယ်။

မိမိအပေါ် ဆင်းရဲဒုက္ခတွေကိုတွန်းဖယ်မချဘူး။
လက်ခံထားလိုက်တယ်။
စိတ်တုန်လှုပ်ခြောက်ခြားမှုလည်းမရှိဘူး။

သည်းခံတဲ့ပုဂ္ဂိုလ် ရဲ့စိတ်ကလေးက ပြုံးရွှင်နေသော စိတ်ကလေးကိုဆက်လက်ထိန်းသိမ်း
ထားနိုင်တယ်။

ကိုယ်မနိုင်လို့အရှုံးပေးလိုက်တာမဟုတ်ဘူး။ ပင်ကိုယ်စိတ်ကလေးကို ထိန်းထားနိုင်စွမ်းရှိတယ်။

မေတ္တာကို ကြာရှည် ထိန်းထားနိုင်ဖို့ အတွက်
ခန္တီက ထိန်းပေးနိုင်တယ် ။ခန္တီဟာ မေတ္တာရဲ့
အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ 🙏🙏🙏

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ