ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည်ဟု သိရသည်။

အဆိုပါခရီးစဥ်အတွင်း ဧပြီလ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပမည့် မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ပါတယ်။ #Crd