ဆီဆိုင်တိုက်ပွဲအခြေအနေ

၁ ရက်နှင့်၂ ရက် ဆီဆိုင်မြိုအခြေအနေ !!
♦️♦️♦️♦️♦️♦️

-ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၂ နာရီခန့် ဆီဆိုင်မြို့အတွင်းသို နယ်မြေရှင်းလင်း PNLO နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ ၅၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

– ဖေဖော်ဝါရီလ ၁ ရက် ညနေ ၆ နာရီခန့် ခမရ(၄၂၃) ရင်းဌာနချုပ်သို့ နေရာ ၂ နေရာမှ PNLO နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့အင်အား(စိစစ်ဆဲ)အဖွဲ့က ၆၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ဖေဖော်ဝါရီလ ၁ ရက် ဘန်းမတ်ရွာကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ၊ ဘုန်းတော်ကြီးများ စုပေါင်းပြီး ဆီဆိုင်တိုက်ပွဲတွင် ကယန်း၊ ပဒေါင်များနှင့် ပူးပေါင်းတိုက်ခိုက်နေသော PNLO ၊ (ခွန်သူရိန်) အဖွဲ့များအား ဆက်လက်မတိုက်ခိုက်ရန် ၊ NCA လမ်းကြောင်းပြန်သွားရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့။

-ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် KNDF အဖွဲ့မှ အားလူးဦးစီးအင်အား ၆၀ ခန့် ထပ်မံအင်အား ဖြည့်တင်းပြီး ဖားစည်းဦးစီး PNLA အဖွဲ့နှင့် ပူးပေါင်းကာ မြို့မဈေးဝန်းကျင် ဖြန့်ခွဲနေရာယူထား။

-ဖေဖော်ဝါရီလ ၂ ရက် ၀၇၃၀ ချိန်တွင် ဆီဆိုင်မြို့တွင်း KNDF ၊ PNDF နဲ့ PLNA ပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ခန့် ဟိုခဲရပ်ကွက်၊ ဟိုခဲဘုန်းကြီးကျောင်း၊ အောင်ချမ်းသာရပ်ကွက်၊ သူရိယဓာတ်ဆီဆိုင် ဝန်းကျင်နှင့် ဘုရားဖြူရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ၃ ယောက်၊ ၄ ယောက် အဖွဲငယ်များ ခွဲပြီး ဖြန့်ခွဲနေရာယူထားရှိ။

-ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းတွင် မြို့တွင်းရှင်းလင်းမည့် လုံခြုံရေးစစ်ကြောင်းများအား KNDF အဖွဲ့မှ စနိုက်ပါ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိတွေ့တိုက်ပွဲငယ်များဖြစ်။

-KNDF အဖွဲ့များ ဆီဆိုင်မြို့ပေါ်ရှိ ဓာတ်ဆီဆိုင်များ စက်သုံးဆီများ ထုတ်ယူပြီး ကယားပြည်နယ်ဘက်သို သယ်ဆောင်လျက်ရှိတယ်လို့ သိရှိရ။ #Crd