မြောင်မြို့နယ်၊မယ်မသော်ကျေးရွာအနီးတွင် PDF များ၏လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၀၂၃ခုနှစ်၊မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် မယ်မသော်ကျေးရွာအနီး အကြမ်းဖက်သမားများ အခြေပြု၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ ကျေးရွာဝန်းကျင်အား အသေးစိတ်ရှင်းလင်းခဲ့ရာ လယ်စောင့်တဲအတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးသိမ်းဆည်းထားသော လက်နက်ခဲယမ်း/ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်-
-လက်လုပ်သေနတ် (အရှည်) ၁၄ လက်။
-လက်လုပ်သေနတ် (အတို) ၃ လက်။
-လက်လုပ်စိန်ပြောင်း ၁ လက်။
-ပြုလုပ်ဆဲ လက်လုပ်စိန်ပြောင်း ၃ လက်။
-လက်လုပ် ဗုံးသီး ၆ လုံး။
-၇.၆၂ကျည် ၅၀ တောင့်။
-၅.၅၆ကျည် ၇၀ တောင့်။
-အမ်-၂၂ ကျည် ၂၀၀ တောင့်။
-၁၂ ဗိုကျည် ၅၀ တောင့်။
-၉မမ ကျည် ၁၀ တောင့်။
-ယမ်းကြိုး ၂ခွေ။
-ရှပ်အင်္ကျီ ၁၂ ထည်။
-ပြောက်ကျားယူနီဖောင်း ၁ စုံ။
-ပြောက်ကျား ဦးထုပ် ၂၆ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။