မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကုသိုလ်နဲ့ကံတွေဆင့်ပေးပါ

လူတွေဆိုတာ
သုခဘက်မှာချည်းရှိချင်ကြတာပါ ။

ဒုက္ခဆိုတာကို
အသံပင် လုံး၀မကြားလိုကြပါဘူး ။

စား၀တ်နေရေအဆင်ပြေရင်
ကြိတ်ပြီးတော့ အသံမထွက်ပေမယ့်

ကြပ်တည်းလာပြီဆိုရင်
ဘယ်သူမှ ဖော်ထုတ်ခိုင်းစရာမလိုပဲ
သူ့အလိုလိုပင် ငြီးသံထွက်ပါတယ် ။

လောကဓံဆို အနိမ့်အမြင့်ရှိလို့
ဘယ်သူမှ ရှောင်လို့မရနိုင်ပါဘူး ။

ဒုက္ခရှိလာလည်း သည်းခံပြီးနေပါ
သုခရှိလာလည်းတရားမမဲ့စွာနေပါ ။

ကုသိုလ်အရှိန် ရှိနေတုန်းဆိုရင်
အဆင်ပြေတဲ့ အနေထားမှာရှိသလို

အကုသိုလ်အလှည့်ရောက်လာရင်
ခံရမယ့် အနေထားမှာရှိပါတယ် ။

အမြဲတမ်းကောင်းချင်ရင်တော့
ကုသိုလ်တွေနဲ့ကံဆင့်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏