တန့်ယန်းမြို့တွင်ပြုလုပ်နေသောလက်နက်များဝင်ရောက်ဖမ်းဆီး


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြိုနယ်၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာရှိ စိုင်းဆန်အုံး ၏ တွင်ခုံတွင် လက်နက်ခဲယမ်းများ ပြုလုပ်နေကြောင်းသတင်းရသည့်အတွက် ၂၂-၃-၂၀၂၃ ရက်နေ့က လုံခြုံရေးအဖွဲများက ဝင်ရောက်စစ်ဆေးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲဝင်များအား ပစ်ခတ်တိုက်ခိုက်သူ ၃ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်ပြုလုပ်သည့်တွင်ခုံ၊ လက်နက်အချိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တွင်ခုံမှ သိမ်းဆည်းရမိ လက်နက်များမှာ ပစ္စတို ၆ လက်၊ တူမီး ၅ လက်၊ လေသေနတ် ၂ လက်၊ ပြုလုပ်ဆဲ သေနတ်အစိတ်အပိုင်းများ၊ ကျည်ဆံများ၊ wy စိတ်ကြွဆေးပြား ၈၀ ပြား၊ SSPP/SSA အဖွဲဝင်ကတ် ၁ခု တို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။