အာရှလမ်းမကြီးပေါ်က အကြမ်းဖက်သမား

ထိုင်းအစိုးရရင်းနှီးမြှုပ်နှံမှုနဲ့ အဆင့်မြှင့်တင်ဖောက်လုပ်ထားတဲ့ အာရှလမ်းမကြီးရဲ့
မြဝတီ-ကော့ကရိတ်လမ်းအပိုင်းမှာ ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်၊ ဆီသယ်ယာဉ်တွေကို
မကြာခဏဆိုသလို စောကျော်သက် ဦးစီး KKO ခွဲထွက်အဖွဲ့က တိုက်ခိုက်ဖျက်ဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
အဲဒီလမ်းမကြီးဟာ ထိုင်း-မြန်မာနှစ်နိုင်ငံကြားကုန်စည်စီးဆင်းမှုမှာ များစွာအရေးပါသလိုထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအရ
ဖောက်ထားတဲ့ လမ်းဖြစ်လို့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ထိုင်းစစ်တပ်က KNU အဖွဲ့ကို ပြင်းပြင်းထန်ထန်သတိပေးထားကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့လည်း စောကျော်သက် ဦးစီး KKO ခွဲထွက်အဖွဲ့ကတော့ မြန်မာ့တပ်မတော်က လုံခြုံရေးတပ်တွေအလစ်အငိုက်ယူပြီး
ဒီလမ်းကြောင်းပေါ်မှာ အရပ်ဘက်ကားတွေကို တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ်လုပ်နေတာဟာ-၂၀၂၂ ခုနှစ်အတွင်း
ဇန်နဝါရီလမှ စက်တင်ဘာ လဆန်းအထိ ၁၁ ကြိမ်ရှိပြီး-
-ခရီးသည်မော်တော်ယာဉ် ၃ စီး
-ကုန်သယ်ယာဉ် ၁၁ စီး
-ဆီသယ်ယာဉ် ၃ စီး ပျက်စီးခဲ့ပြီး
-အပြစ်မဲ့အရပ်သားခရီးသည် ၃ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
KKO ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင် စောကျော်သက်ဟာ KNU၊ DKBA နဲ့ KKO ခွဲထွက်အဖွဲ့တွေမှာ အရောင်အမျိုးမျိုးပြောင်းလဲပြီး
ထိုင်းနယ်စပ်တစ်လျှောက် အခြေပြုလှုပ်ရှားနေသူဖြစ်ပါတယ်..ထိုင်းနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်ဆုံးရှုံးစေမဲ့ အာရှလမ်းမကြီးပေါ်
တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတဲ့ စောကျော်သက်ရဲ့ KKO ခွဲထွက်အဖွဲ့ဟာ KNU အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။
အခြားသတင်းများအရတော့ စောကျော်သက်အဖွဲ့ဟာ KNU တပ်မဟာ ၆ နယ်မြေအတွင်း ခိုအောင်းနေပြီး အာရှလမ်းမကြီးပေါ်မှာ
သွားနေတဲ့ ကုန်တင်ကားတွေကို ဆက်ကြေးကောက်ခံနေကြောင်း သိရပါတယ်။
ဒါကြောင့် စောကျော်သက်အပေါ် ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရတို့က ဘယ်လိုသဘောထားသလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။