သံဖြူဇရပ်မှာ ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးခိုးတဲ့သူ ဓာတ်လိုက်သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးကြိုးခိုးတဲ့ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့တယ် စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ သံဖြူဇရပ် အောင်ကုသိုလ်ရပ်ကွက်မှာ စက်တင်ဘာ ၁၄ ရက်၊ ညပိုင်းကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် သေဆုံးနေတဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်၊ မနက် ၆ နာရီခွဲအချိန်မှသာ တွေ့ရှိခဲ့တာဆိုပါတယ်။

လက်ရှိမှာ ဓာတ်တိုင်ပေါ်တင် သေဆုံးနေတဲ့ ရုပ်အလောင်းကို ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းနဲ့အတူ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းက ဝိုင်းဝန်းကူညီဆွဲချပေးပြီး သံဖြူဇရပ်မြိုရင်ခွဲရုံ ပို့ဆောင်ပေးလိုက်ရတယ်သိရပါတယ်။