တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသား ၈၁၅ ဦးကို လွှဲပြောင်း

နယ်စပ်ဒေသများမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၈၁၅ ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ဆက်လက်လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၇၂၆၆ ဦး၊ အမျိုးသမီး ၇၂၇ ဦး၊ စုစုပေါင်း ၇၉၉၃ ဦး တိုကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။