မော်လမြိုင်မှာ ကားတစ်စီး ချောင်းထဲ ထိုးကျ ယာဉ်မောင်း ဖြစ်သူ သေဆုံး

ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းက မော်လမြိုင်မှာ ကားတစ်စီး ချောင်းထဲ ထိုးကျလို့ ယာဉ်မောင်း ဖြစ်သူ သေဆုံးသွား
ကြောင်း မွန်ပြည်နယ်ရှိ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
မော်လမြိုင် မုပွန်အိုးရုံလမ်းမှာ ကားတစ်စီးချောင်းထဲထိုးကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်း ဖြစ်သူ သေဆုံးခဲ့တာ
လို့ ဆိုပါတယ်။
လူမှုကူညီရေးအသင်းတွေရဲ့ ပြောကြားချက်အရ ချောင်းထဲ ထိုးကျတဲ့ ကားနံပါတ်က YGN-9I 5716 ဖြစ်ပြီး
ကယ်ဆယ်ရေးအဖွဲ့များ ကယ်ဆယ်မှုဆောင်ရွက်ခဲ့ပြီးသေဆုံးသူကို ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့လည်းဆိုပါတယ်။