၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မတ်လ ၈ ရက်နေ့ကစတင်ကျင်းပမယ်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မတ်လ ၈ ရက်နေ့ကစတင်ကျင်းပမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက
ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၈ ရက်နေ့တွင် မြန်မာစာ၊ ၉ ရက်‌နေ့တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်‌နေ့တွင် သင်္ချာ၊ ၁၃ ရက်နေ့တွင်
ဓာတုဗေဒ၊ ၁၄ ရက်နေ့တွင် ရူပဗေဒ၊ ၁၅ ရက်နေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ၁၆ ရက်နေ့တွင် ပထဝီ၊
၁၇ ရက်နေ့တွင် သမိုင်း နဲ့ ၁၈ ရက်နေ့တွင် စိတ်ကြိုက် မြန်မာစာတို့ ဖြေဆိုရမှာ ဖြစ်ပါတယ်။
စာမေးပွဲကို နံနက် ၉ နာရီကနေ၁၂ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။