အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာနှင့် ထိုင်း ယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် ၂၀၂၃ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က)၏ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၇ ရက် (ယနေ့)ည ၇ နာရီခွဲ၌ Rayong Stadium တွင် ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရပါသည်။ မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းသည် ကစားသမား ၂၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အုပ်စု(က)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ဘရူနိုင်းအသင်းတို့နှင့်ကျရောက်လျက်ရှိပြီး ဩဂုတ်လ ၁၇ ရက်(ယနေ့)ည ၇ နာရီခွဲတွင် ထိုင်းအသင်း၊ ဩဂုတ်လ ၁၉ ရက်နေ့လည် ၃ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်း၊ ဩဂုတ် ၂၁ ရက်နေ့လည် ၇ နာရီခွဲတွင် ဘရူနိုင်းအသင်းတိုနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

Crd