သင်္ဃန်းညီနောင်မှ အကျအဆုံးများစွာဖြင့် ဆုတ်သွားရတဲ့ KNLA

ကရင်ပြည်နယ်.သင်္ကန်းညီနောင်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ကို မတ်လ ၁၉ ရက်​​နေ့က လာရောက်တိုက်ခိုက်သော KNLA တပ်မဟာ ၆၊ ရင်း ၂၈ မှ အကြမ်းဖက်သောင်းကျန်းသူများဟာ ထိခိုက်သေဆုံးအလောင်းများကို ဆွဲယူပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားသည့် KNLA အကြမ်းဖပ်သောင်းကျန်းသူများ၏ ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းခဲ့ရာ..

မတ်လ ၂၁ ရက်နေ့တွင်-

ပုပ်ပွသေဆူံးနေသော KNLA ရင်း ၂၈ ယူနီဖောင်းဝတ်အလောင်း ၁ လောင်း၊
PDF ယူနီဖောင်းဝတ် အလောင်း ၁ လောင်း
M16 သေနတ် -၁လက်
လက်လုပ် ၄၀ မမ -၁ လက်
ကျည် -၁၆၆ တောင့်
လက်ပစ်ဗုံး ၂ လုံးတို့အား ရရှိခဲ့ပြီး-

မတ်လ ၂၂ ရက်နေ့တွင်-

KNLA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း
RPJ ၁ လက်
ဗုံးသီး ၃ လုံး ရရှိခဲ့ပါတယ်။

ရန်သူဆုတ်ခွာရာလမ်းကြောင်းအား ဆက်လက်ရှင်းလင်းဆဲ ဖြစ်ပြီး ယနေ့အထိ အလောင်း ၃ လောင်း၊ လက်နက် ၃လက် ၊ ကျည်၁၆၆ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဗုံးသီး ၃ လုံး ရရှိခဲ့ပြီး အတည်ပြုဆဲသတင်းများအရ KNLA ရင်း ၂၈ မှ အင်အား ၂၀ ကျော် ၊ PDF Lion battalion စစ်ကြောင်းမှ ၁၆ ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။

#တိုက်ပွဲသတင်းစုံ