ဇန်နဝါရီလ ၇ ရက်နေ့တိုက်ပွဲသတင်းများ

-ကချင်ပြည်နယ် မြစ်ဆုံစခန်းသို့ နေရာ ၄ နေရာမှ TNLA/KIA/ABSDF နှင့် PDF ပူးပေါင်းအင်အား ၃၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး မြေအနေအထားအသာစီးရရှိမည့်နေရာသို့ ရွှေပြောင်းခဲ့။

-ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါစခန်းသို့ KIAနှင့် PDF ပူးပေါင်း ၁၀၀ ဦးခန့်က Drone များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ နေရာ ၃ နေရာမှ KIA သောင်းကျန်းသူ ၉၀ ဦးခန့်က RPG၊ ၄၀ မမ၊ စနိုက်ပါ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ကယားပြည်နယ် ဖယ်ခုံမြို့နယ် စကခ(၇) သို့ နေရာ ၂ နေရာမှ KNDF နှင့် PDF ၆၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ် ဇော်မတက်(ရွာပျက်) အနီးရှိ လမ်းဆောက်လုပ်ရေးဝန်း၌ AA သောင်းကျန်းသူ ၄၅ ဦးခန့်က ဆောက်လုပ်ရေးပစ္စည်းများနှင့် စက်သုံးဆီများ သယ်ဆောင် နေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းခဲ့ပြီး AA ၁၃ လောင်း၊ အမ်(၂၂) ၈ လက်၊ KA အမျိုးအစား ၆ လက်၊ ကျည်အိမ်မျိုးစုံ ၂၉ ခု၊ ခဲယမ်းမျိုးစုံ ၆၈၂ တောင့်၊ အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့။

-ချင်းပြည်နယ် ပလက်ဝမြို့နယ် သံတံတားအနီး AA သောင်းကျန်းသူ ၁၀၀ ဦးခန့်နှင့်လည်းကောင်း၊ ခလရ(၂၈၉) အနီး ကာကင်းသို့ AA သောင်းကျန်းသူ ၁၀၀ ဦးခန့်ကလည်းကောင်း လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ MIG-29 လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ထန်းတောကျေးရွာဘက်မှ မသင်္ကာဖွယ် ကားတစ်စီးအား စစ်ဆေးခဲ့ရာ-အကြမ်းဖက် ၄ လောင်း၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၂ တောင့်၊ ပြောက်ကျားယူနီဖောင်း ၁ စုံ၊ ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ TNLAနှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ၂ ကြိမ်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှလေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်လျက်ရှိ။

-ပဲခူးတိုင်းဒေသကြီး နတ်သံကွင်းနယ်မြေရဲစခန်းဝန်းကျင်အား နယ်မြေရှင်းလင်းစဉ် Type-81 ၅ လက်၊ အမ်(၁၆) ၂ လက်၊ ပေါင်း ၇ လက်အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။