ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ပစ်ခတ်ဖမ်းဆီး

ဒီဇင်ဘာ ၁၄ ရက်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်
ဖက်တောရေကျေးရွာနှင့် ကန်သာကျေးရွာကြားသို့အရောက် PDF အကြမ်းဖက်သမားများက လက်လုပ်ဆွဲမိုင်း ၂ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့်
၎င်းနေရာတစ်ဝိုက်အား ရှင်းလင်းစဉ် မိုင်းဖောက်ခွဲခဲ့သည့် PDF အကြမ်းဖက်သမား ၂ ဦးအားတွေ့ရှိသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ-
-PDF အကြမ်းဖက်သမား ၂ လောင်း
-လက်လုပ်သေနတ် ၂ လက်
-လက်လုပ်မိုင်း ၂ လုံး
-ဆိုင်ကယ်ဘက်ထရီအိုး ၂ လုံး
-ဝါယာကြိုး ၁၀၀ မီတာခန့်တို့ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…