မိုင်းလာထောင်သည့် အကြမ်းဖက် ၂ ဦးအား လက်နက်နှင့်အတူ အသေဖမ်းမိ

ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရွှေတဲသဲကုန်းရွာအနီး လမ်းဆုံတွင် ဗုံးထောင်ရန်ရှိသည်ဟု ဒေသခံများရဲ့ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကင်းပုန်းဝပ်နေစဉ် လူ ၂ ဦးရောက်ရှိလာပြီး ဗုံးထောင်ရန်ပြင်ဆင်နေချိန် အသေပစ်ခတ်ခဲ့ဖမ်းဆီးခဲ့ရာ ဖြစ်စဉ်အတွင်း အကြမ်းဖက် ၂ လောင်းနဲ့အတူ လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး လျှို့ဝှက်သတင်းပေးသူအား ဆုငွေ ၁၀ သိန်းချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။အကြမ်းဖက်သမားများအတွက်နေစရာ မရှိတော့တာမို့ အချိန်မီအလင်းဝင်ဖို့ လိုအပ်နေပါပြီ။