ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့  ကင်ဆာဆေးဝါးများ သင်္ဘောဖြင့် ပထမဆုံးအကြိမ်တင်ပို့

ရုရှားနိုင်ငံအခြေစိုက် Pharmasyntez Group of Companies ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ကင်ဆာရောဂါဆေးများကို သင်္ဘောဖြင့် ပထမဆုံးအကြိမ်တင်ပို့ပေးခဲ့ကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ချ်မြို့ရှိ JSC “Pharmasyntez- Nord”မှ ထုတ်လုပ်သော ကင်ဆာရောဂါကုသရေးဆေးပုလင်းပေါင်း အနည်းဆုံး ၆၀၀၀၀ ကို သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။

ရုရှားနိုင်ငံက မြန်မာနိုင်ငံကိုတင်ပို့ခဲ့သော ကင်ဆာနှင့်ပတ်သက်သော ဆေးများထဲတွင် Neuroendocrine Tumors အကျိတ်များ၊ ရင်သားကင်ဆာအကျိတ်များ၊ Adrenal Glands ဂလင်းများ၊ အစာခြေအင်္ဂါများ အပါအဝင် ကင်ဆာအကျိတ်များကို ပြုစုကုသနိုင်ရန်အတွက် အဓိကအရေးပါသောဆေးများပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။