မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷သေချာတာအတွက်ပြင်ဆင်ပါ🌷

ဘယ်လောက်နေရမယ်ဆိုတာရယ်
ဘယ်နေ့သေရမယ်ဆိုတာရယ်ကို
ဘယ်သူမှ ကြိုမသိနိုင်ပါဘူး ။

သေချာတာတစ်ခုက သေရမယ့်ကိစ္စဟာ
ဘယ်သူမှမပြောလည်း
လက်ခံကြရမယ့် အမှန်တရားပါ ။

နိမိတ်မရှိဘူးလို့လည်းမမြင်နဲ့
မင်္ဂလာမရှိဘူးလို့လည်း မပြောနဲ့
ကိုယ်နှင့်မဆိုင်ဘူးလို့လည်းမထင်နဲ့ ။

သေခြင်းကို ဆင်ခြင်မိတဲ့အချိန်ဟာ
အကုသိုလ်တွေ ကင်းစေပြီး
ကုသိုလ်တွေ ဖြစ်ပေါ်စေနိုင်တယ် ။

ကျန်တဲ့အရေးအကြောင်းတွေဟာ
လွဲချော်သွားနိုင်ပေမယ့်

သေရေးသေဘေးကတော့
ဘယ်လို ဘယ်အကြောင်းနဲ့မှ
လွဲချော်စရာအကြောင်း မရှိနိုင်ပါဘူး ။

ကုသိုလ်နည်းရင် သေရေးအတွက်
စိုးရိမ်စရာ ရှိနိုင်သလို
မေ့လျော့စွာနေရင်လည်း
သေရေးအတွက် အခက်တွေ့နိုင်တယ် ။

အားလုံးသောသတ္တဝါတွေဟာ
ပျက်စီးခြင်းမှာ လမ်းဆုံးရမှာမို့လို့

မိမိတို့ဘ၀ မပျက်စီးခင် အချိန်မှာ
အသိသတိဦးအောင်ကြိုးစားထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏