PDF များ ကျူးလွန်တယ်လို့ ဖော်ပြခဲ့တဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို အမေရိကန်ဖယ်ရှား

မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကျော်ကို PDF တွေက ကျူးလွန်တယ်ဆိုတဲ့အချက်တွေပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ဖော်ပြခဲ့အပြီးမှာ အဲဒီစာမျက်နှာကို ၎င်းအမေရိကန်ကပဲ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာရဲ့ ပူးတွဲအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကျော်ကို PDF တွေက ကျူးလွန်ကြောင်း ဖော်ပြခဲ့တာနဲ့ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေလို့ အမည်ခံထားတဲ့ အကြမ်းအုပ်စုတွေနဲ့ ၎င်းအကြမ်းဖက်အုပ်စုတွေကို ထောက်ခံသူအုပ်စုတွေက ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် အစီရင်ခံစာပူးတွဲဖော်ပြချက်ပါ မြန်မာအကြောင်းဖော်ပြချက်တွေကို အမေရိကန်က ပြန်လည်ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဝှမ်း အကြမ်းဖက်ကျူးလွန်မှုများတဲ့ နိုင်ငံတွေစာရင်းဖော်ပြရာမှာ မြန်မာနိုင်ငံကိုတွေ့ရပေမယ့် ဘယ်သူတွေကျူးလွန်သလဲဆိုတဲ့ ထပ်မံရှင်းလင်းဖော်ပြချက်တွေကို ဖြုတ်လိုက်တာဖြစ်ပြီး ဘာကြောင့်ဖြုတ်တာလဲဆိုတာကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာနက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုမှုမရှိသေးဘူးလို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨