မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷စိတ်အလှကို ပိုဂရုစိုက်ပါ🌷

ကိုယ့်ရဲ့ နေ့စဉ်ရှင်သန်မှုဟာ
ဘယ်လိုလဲလို့ အမြဲဆင်ခြင်ပါ ။

အေးတာတွေကို
ရှာဖွေပြီးတော့ နေသလား ။

ပူတာတွေကို
ရှာဖွေပြီးတော့နေ နေသလား ။

မြတ်တာတွေကိုရှာဖွေပြီးတော့နေသလား
မမြတ်တာတွေကို ရှာဖွေလို့
နေသလားဆိုတာ အမြဲဂရုစိုက်ပါ ။

ကိုယ့်ရဲ့ ရုပ်လှပအောင်
အပြင်လူတွေက ပြင်ပေးလို့ရပေမယ့်

စိတ်လှအောင်ကြတော့
ကိုယ်တိုင်ပြင်မှပဲ လှနိုင်ပါတယ် ။

စိတ်လှရင် ဘ၀လည်းလှနိုင်လို့
ကောင်းတဲ့စိတ်နဲ့ ဘ၀ကိုအလှဆင်ပါ ။

အေးမြချမ်းသာအဆင်ပြေချင်ရင်
စိတ်နဲ့ဘ၀ကိုအကျည်းတန်စေတဲ့

လိုချင်မှုလောဘတရားတွေ
မကျေနပ်မှုဒေါသတရားတွေ
မနာလိုမှု ဣဿာတရားတွေကို
အမြဲတမ်း ဖယ်ရှားနိုင်အောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏