အမျိုးသား ၁ ဦး ၈ ထပ်တိုက်ပေါ်က ပြုတ်ကျသော်လည်း အသက် မသေ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ၈လွှာ တိုက်ခန်းက အမျိုးသား ၁ ဦးပြုတ်ကျမှု ဖြစ်ပွားပြီး အသက်မသေဘူးလို့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက် ၊ ၄၂လမ်းမှာ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦး ၈ ထပ်တိုက်ရဲ့ ၈ လွှာကနေ ပြုတ်ကျပေမယ့် အပြင်းအထန် ဒဏ်ရာမရရှိဘူးလို့ ဆိုပါတယ်။

ပြုတ်ကျတဲ့အရှိန်ကြောင့် ဖူးရောင်တဲ့ ဒဏ်ရာအနည်းငယ်ပဲရရှိတယ်လို့လည်း ဆိုပါတယ်။

ယင်းဖြစ်စဉ်ကို အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း နဲ့ လင်းလက် ပရဟိတ အသင်းနဲ့ တို့က ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပြီး ရန်ကုန်ဆေးရုံကြီးကို လင်းလက် ပရဟိတအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။