မနက်ခင်း ဘောလုံးအားကစားသတင်းများ

ချန်ပီယံလိဂ်မှ ထွက်ခွါခဲ့ရတဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပေကတော့ ၎င်းတို့အသင်းဟာ လီဂူးဝမ်းကိုသာ အဓိက အာရုံစိုက်ရတော့မှာ ဖြစ်ကြောင်း ပွဲအပြီး ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းကို သရေကစားပြီး နောက်တစ်ဆင့် တက်သွားတဲ့ အေစီမီလန် အသင်းနည်းပြ ပီအိုလီကတော့ ဘောလုံးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုပြီး ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ နည်းပြ ဂေလ်တီယာကတော့ ဘိုင်ယန်နဲ့ ကစားခဲ့တဲ့ ပွဲအတွင်းက ကစားသမားတွေရဲ့ အမှားအချို့ကို ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဓိက နောက်ခံလူ မာကွင်ဟို့စ်တစ်ယောက် ဘိုင်ယန်နဲ့ပွဲမှာ ဒဏ်ရာ ထပ်မံရရှိခဲ့တာကြောင့် ပီအက်စ်ဂျီတု့ိအတွက် နောက်ထပ် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ရပါတယ်။

နယူးကာဆယ် အပါအဝင် ပရီးမီးယားလိဂ် အသင်းအချို့ဟာ အာဆင်နယ် နောက်ခံလူ သီယာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်း တိုက်စစ်ကစားသမား မာစီယဲလ်တစ်ယောက် မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

မော်ရင်ဟိုကတော့ ရီးရဲလ်ဆိုစီဒက်စ်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့ မလွယ်ကူနိုင်ကြောင်း ပွဲမစတင်ခင် စတင် ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ အသင်းခေါင်းဆောင် မပီသဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ အသင်းဖော် ဖာနန်ဒက်ဇ်ဘက်ကနေ တုန့်ပြန်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ တိုက်စစ်မှူး ဂျေဆူးတစ်ယောက် အသင်းနဲ့ စတင် လေ့ကျင့်နေပြီဆိုပေမယ့် အချိန်အနည်းငယ် လိုအပ်နေသေးကြောင်း ပရိသတ်တွေကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

Credit