ဝေလငါး အကောင် ၅၀ ကျော် သောင်တင်သေဆုံးမှုဖြစ်ပွား

သြစတြေးလျအနောက်ပိုင်းက ကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ ဝေလငါးဒါဇင်ပေါင်းများစွာကို ကယ်တင်ဖို့ ကျွမ်းကျင်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဇူလိုင်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့မှာ ဒုတိယ မြောက်နေ့အဖြစ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားထုတ်လုပ်ဆောင်ခဲ့သော်လည်းပဲ အကောင် ၅၀ ကျော်ဟာ သေဆုံးနှင့်ပြီးဖြစ်တယ်လို့ သိရပါတယ်။