A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများအား စတင်ခေါ်ယူလျက်ရှိ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အစိုးရစက်မှုလက်မှုသိပ္ပံတိုတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူလျက်ရှိသည်။

အဆိုပါ သင်တန်းများတွင် တက်ရောက်လိုသူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာများအား အစိုးရစက်မှုလက်မှုသိပ္ပံများ၌ နိုဝင်ဘာ ၅ ရက်မှစတင်၍ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် ဝင်ခွင့်လျှောက်လွှာများအား နိုဝင်ဘာလ ၂၀ ရက်နောက်ဆုံးထား၍ မိမိတို့ တက်ရောက်လိုသည့် ကျောင်းများသို ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အသိပေးခဲ့တယ်လို့ သိရှိရပါတယ်။