မန္တလေးတိုင်း မတ္တရာPDFအဖွဲ့ထံ​ပေးပို့မည့်လက်နက်များဖမ်းဆီးရမိ

မန္တလေးတိုင်း မတ္တရာမြို့PDFအဖွဲ့အတွက် ဝယ်ယူခဲ့တဲ့ လက်နက်များကိုသယ်ဆောင်လာတဲ့ လက်နက်ပွဲစား ၂ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအနီးType ၈၁ မောင်းပြန်ရိုင်ဖယ် ၁၀ လက် ၊ကျည်အိမ်၂၄ခုနှင့်အတူနိုဝင်ဘာလ၅ရက်နေ့ညနေပိုင်းကဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတရားခံများရဲ့ထွက်ဆိုချက်အရ အဲဒီလက်နက်များကို TNLA အဖွဲ့ကဗိုလ်မှူးအဆင့်ရှိသူတစ်ဦးထံမှ လက်နက်တစ်လက်လျှင် သိန်း ၁၀၀ ဖြင့်ဝယ်ယူခဲ့ပြီး မန္တလေးတိုင်း မတ္တရာမြို့နယ်သို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းလက်နက်များကို မတ္တရာPDFအဖွဲ့မှ ကိုစိုးနိုင်(ထွက်‌ပြေး )ဆိုသူက လက်နက်တစ်လက်လျှင် သိန်း ၂၀၀ ဖြင့် စာရင်းပြပေးရန်‌​ပြောဆိုညှိနှိုင်းခဲ့ကြောင်း၊

ဖမ်းဆီးခံရသူများမှ စျေးနှုန်းပိုပြီးမပြပေးနိုင်ကြောင်း၊တစ်လက်လျှင် သိန်း ၁၅၀နှုန်းဖြင့်ငွေလက်ငင်းပေးချေရန်သာ ညှိနှိုင်းခဲ့ကြောင်း၊PDFအဖွဲ့ များအနေဖြင့် လက်နက်ခဲယမ်း ဝယ်ယူရန် အလှူငွေကောက်ခံခြင်း၊ရန်ပုံငွေရှာဖွေခြင်း၊ပန်ဆယ်လိုအပါအဝင် NUG အဖွဲ့များထံမှ ထောက်ပံ့ကြေးများရယူပြီး ယခုကဲ့သို့အသုံးစာရင်းများအပိုပြကာ အလွဲသုံးစားပြုလုပ်လေ့ရှိကြောင်း၊

အဖမ်းခံရတဲ့ပွဲစားနှစ်ဦးဟာ TNLA အဖွဲ့ထံက လက်နက်တစ်လက်လျှင် သိန်း ၁၀၀ ဖြင့်ဝယ်ယူ၍ PDFများထံ သိန်း၁၅၀ ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ပြီးကိုစိုးနိုင်မှသိန်း၂၀၀ဖြင့်စျေးနှုန်းပိုပြကာငွေကြေးအလွဲသုံးစားပြုလုပ်ခဲ့သဖြင့် လက်နက်ပွဲစားများနှင့် လက်နက်ရောင်းဝယ်သူများအကြား ငွေကြေးအရှုပ်အရှင်းများဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။