နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ လူငယ်နှင့် စာပေအနုပညာပြပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာအုပ် စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံ ဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစား တန်ဖိုးထားတက်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်း တည်ငြိမ်မှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပ များကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထား စိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာန အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလွယ်တကူသိမြင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြပွဲကို ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ပြခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ် ပြသထားပြီး စာအုပ်၊ စာစောင်ပြခန်းများနှင့် စားအုပ်အရောင်းဆိုင်များ၊ “ကြီးမြတ် သောမြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းများကို စိတ်ပါဝင်စားဖွယ်ဖြစ် အောင် ခင်းကျင်းပြသ ဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်းသိရှိရပါတယ်။