ဘီးလင်းမြိုနယ်၊ လှဂွန်းပြိုစခန်း၏အရှေ့မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၂၉ရက်နေ့က မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ လှဂွန်းပြိုစခန်း၏ အရှေ့မြောက်ဘက်တွင် သောင်းကြမ်းသူများက ဆွဲမိုင်း ၁ လုံးဖောက်ခွဲခဲ့၍ တပ်မတော်စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဆွဲမိုင်းကို KNLA တပ်မဟာ ၅၊ ရင်း (၁၀၂) မှ အင်အား ၁၅ ဦးခန့်ပါရှိသောအဖွဲက ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းအဖွဲမှ ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက် KNLA အဖွဲထံမှ အလောင်း ၁ လောင်း၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်၊ သိမ်းဆည်းရမိခဲ့မိခဲ့ပြီး ၎င်းဖြစ်စဉ်တွင် တပ်မတော်ဘက်မှ စစ်သည် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရပါသည်။