ညောင်ဦးတွင် မီးရထားစက်ခေါင်းနှင့် ယာဉ်တိုက်မိမှုကြောင့် ၅ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၆ ညနေ ၆ နာရီ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်တွင် မီးရထားစက်ခေါင်းနှင့်
ယာဉ်တိုက်မိမှုကြောင့် ၅ ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
လက်ဝဲကျေးရွာလမ်းခွဲတွင် တောင်တွင်းကြီးမှ ပုဂံသို့ မောင်းနှင်လာသော မီးရထားစက်ခေါင်းနှင့် တောင်တွင်းကြီးမှ
လက်ဝဲရွာသို့ သွားရောက်ရန် မောင်းနှင်လာသော HIAce အမျိုးအစား (အဖြူရောင်) ယာဉ်တို့ တိုက်မိခဲ့ကြ
ခြင်းဖြစ်သည်။