တောင်ကုတ်မြို့နယ်တွင် ဗုံးသီးအဟောင်း ၁ လုံးတွေ့ရှိ

ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တောင်ကုတ်မြို့နယ်၊ ကံပိုင်ရပ်ကွက်၊ ပန်းတောင်း-တောင်ကုတ်လမ်းရှိ
ခရိုင်တရားရုံးဝန်းအတွင်း ခရိုင်တရားရုံး ဆောက်လုပ်ရန် မြေတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ် သံချေးတတ်နေ
သော ဗုံးသီးအဟောင်း ၁ လုံးကို လုပ်ငန်းဆောင်ရွက်နေသူများက တွေ့ရှိသဖြင့် တာဝန်ရှိသူများထံ အကြောင်းကြား
ခဲ့သည်။ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ လုံးပတ် ၂ ပေ၊ အရှည် ၂ ပေခွဲခန့်ရှိ စစ်ကျန်ဗုံးသီးအဟောင်း
၁ လုံးဖြစ်ကြောင်း တွေ့ရှိရပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် အန္တရာယ်မရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့သည်ဟု သိရှိရပါတယ်။