နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ပါတီအဟောင်းတွေ မှတ်ပုံတင်ခွင့်လျှောက်ထားဖို့အတွက် ၁၂ ရက်သာ ကျန်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ပါတီအဟောင်းတွေ မှတ်ပုံတင်ခွင့်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က စပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်..

အခု မတ်လ ၁၆ ရက်အထိတော့-
ပါတီအသစ်တည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီ…..၆ ခု
မှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားသည့်ပါတီ…….၂၁ ခုရှိပြီး စုစုပေါင်းအနေနဲ့ ၂၇ ပါတီ ရှိပါပြီ..

ပါတီ ၂၇ ခုထဲမှာမှ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၇ ပါတီနဲ့
တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတည်းသာစည်းရုံးမည့်ပါတီကတော့ ၂၀ ပါတီရှိပါတယ်..

နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ပါတီအဟောင်းတွေ မှတ်ပုံတင်ခွင့်တွေလျှောက်ထားဖို့အတွက် ၁၂ ရက်သာ ကျန်ရှိပါတော့တယ်..

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ဘယ်ပါတီမှ ခွင့်မပြုသေးဘဲ မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် ဆက်လက်စိစစ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်..