မော်လမြိုင်တွင် အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း သို့ ခုန်ချခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဒီဇင်ဘာ (၂၁) ရက် (၇)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း
ခုန်ချခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို ၊ ကမ်း နား လမ်းရှိ သံလွင်ဈေး ဘောတံတားပေါ်မှ အမျိုးသမီး တစ်ဦး မြစ်အတွင်း ခုန်ချသွားခြင်း
ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲများထံမှ သိရသည်။
မြစ်အတွင်း ခုန်ချသွားသူမှာ အသက် (၃၃) နှစ်အရွယ်ရှိ မငယ်ငယ်ဆိုသူဖြစ်ပြီး မီးသတ်တပ်ဖွဲဝင်များ ၊ ရာမည
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ Diving Team နှင့် မော်လမြိုင်မြိုပေါ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ
သံလွင်မြစ်အတွင်း ဝိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့ရ‌ကြောင်းသိရသည်။