တောပု-ပုရစ်ကုန်းကျေးရွာအနီးတွင် အပြစ်မဲ့အရပ်သားကားအား PDFများက အကြောင်းမဲ့ပစ်ခတ်

ဒီဇင်ဘာလ ၃၀ ရက် ညနေ ၃ နာရီခန့်တွင် မုံရွာမြိုနယ်၊ တောပုကျေးရွာဘက်မှ အရပ်သားများ မောင်းနှင်လာသော
ကား ၁ စီးအား PDF များက တောပု-ပုရစ်ကုန်းတောင်ကျေးရွာသွား ကာလမ်းအရောက်၌ လက်လုပ်သေနတ်များ
ဖြင့် အကြောင်းမဲ့ မသေမချင်း ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ထွက်ပြေးသွားခဲ့ရာ ၎င်းယာဉ်ပေါ်တွင် ပါလာ
သော ဦးစိုးထိုက်အောင်နှင့် ဦးမျိုးမင်းဇော်တိုမှာ ကျည်ထိမှန် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး
ဦးဘိုဘိုချစ်မှာ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။