မြေနီကျေးရွာအနီးတွင် PDF များအား သတင်းပေးနေသော ၅ ဦးအားဖမ်းဆီးရမိ

ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ပခုက္ကူမြို့နယ် မြေနီကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်း
စွာနေထိုင်နိုင်ရန်အတွက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူပေါင်းအဖွဲ့များသည် ဒေသခံပြည်သူများ၏
သတင်းပေးချက်အရ ကင်းပုန်းဝပ်၍စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် ၅ ဦးဖြစ်သည့် ကောင်းဟန်၊ နေသူအောင်၊
ဖြိုးရန်နိုင်၊ ဆန်းလင်းအောင်နှင့် ဇော်ဇော်ဌေးတိုအား တွေ့ရှိရ၍ ခေါ်ယူကာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတိုသည်
လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား PDF များထံ သတင်းပေးပို့လျက်ရှိကြောင်းကို အထောက်အထား
များနှင့်တကွ တွေ့ရှိရ၍ လုံခြုံရေးပူးပေါင်းအဖွဲများမှ ဖမ်းဆီးခဲ့ပြီး တရားဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သိရှိရပါသည်။