ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေး ပုံမှန်တင်သွင်း ဆောင်ရွက်လျက်ရှိ

အောက်တိုဘာလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT ARDBEG သင်္ဘောသည် ဓါတ်ဆီ 92 RON ၀.၄၂ ဂါလန်သန်း၊ ဓါတ်ဆီ 95 RON ၀.၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂.၈ဂါလန်သန်းကို လည်းကောင်း၊ MT Glory Star သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ ၁.၂၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁.၅ ဂါလန်သန်းကိုလည်းကောင်း ဆီချခြင်း လုပ်ငန်းများ ဆောင်ရွက် နေပါတယ်။

စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း တွေ့ရှိရပြီး ယခုရက်သတ္တပတ်အတွင်း
ကမ္ဘာ့စက်သုံးဆီဈေးနှုန်း အနည်းငယ်ကျဆင်းလာပြီး ပြည်တွင်စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်မှုရှိတယ်လို့ သိရှိရပါတယ်။