နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများသို့ လမ်းညွှန်မှာကြားချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများ၏ ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအနက်မှ ကောက်နုတ်ချက်များမှာ-

“လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ်တပ်မတော်ကို တည်ဆောက်နေခြင်းပင်ဖြစ်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြား လေ့ကျင့်ပေးလိုက်မှသာလျှင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာအသုံးချနိုင်မည်ဖြစ်၊ ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်၊ လေ့ကျင့်ပေးသူများ၏ အရည်အချင်းအပေါ် မူတည်၍ လေ့ကျင့်ခံရသူများ၏ အရည်အသွေးများ ပြောင်းလဲမည်ကို သတိချပ်စေလို

စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်တပ်များနှင့် တပ်မတော်သားများ၏ စွမ်းရည်သုံးရပ်ကို မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်မူ ခေတ်မီလက်နက်များကို တပ်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်”

စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးသည် တပ်မတော်နှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေးအတွက်ကိုမူ နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည်ဖြစ်၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို မြင့်မားအောင် မြှင့်တင်ရမည်ဖြစ်”

“ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်တွင်လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်”

သက်ဆိုင်ရာ ကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြား လေ့ကျင့်ပေးလိုက်မှသာလျှင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာအသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်”

“ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို ကြံ့ခိုင်မှုရှိအောင် စနစ်တကျဖြင့် တောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်၊ ကျန်းမာမှု ရှိစေရေးအတွက် အာဟာရပြည့်ဝပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးစေသည့် စားသောက်မှု ပုံစံကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းမှု ရှိစေရေးအတွက် နည်းစနစ်ကျနသည့် လေ့ကျင့်မှုများဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်”

လူမှုကွန်ရက် စာမျက်နှာ၊ အွန်လိုင်းနည်းပညာ အသုံးချမှုများကို အကျိုးရှိသည့်နေရာများ၌သာ အသုံးချရန်လိုပြီး စည်းကမ်းစနစ်တကျ ရှိရမည်ဖြစ်ကြောင်း” မှာကြားခဲ့ပါတယ်။