အမှားကိုသိပြီး အမှန်ပြင်ကြသူများ

လက်နက်ကိုင်သောင်းကျန်းသူ PDF များအနေဖြင့်၎င်းတို့လုပ်ဆောင်နေကြသည့် ဖောက်ခွဲဖျက်စီးရေးလုပ်ငန်းများကို စိတ်ကုန်လာကြပြီ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုများကို ရွံရှာမုန်းတီးလာပြီဖြစ်သလို နိုင်ငံတော်အစိုးရ၏ သဘောထားမှန်များကိုသိရှိလာပြီးသည့် နောက်ပိုင်းမှာ လက်နက်များနှင့်တကွ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာသူ အဆတ်မပြတ်ရှိကြောင်း သိရှိရပါတယ်။ နိုင်ငံအနှံ့အပြားရှိ PDF များ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် ယနေ့အချိန်အထိ ကျား(၄၂၇) ဦး၊ မ (၁၃၇) ဦးရှိပြီ စုစုပေါင်း (၅၆၄) ဦး ဖြစ်ပါတယ်။ အဆိုပါဝင်ရောက်လာသူများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ လှိုက်လှဲစွာကြိုဆိုလျက်ရှိပြီး ချီးမြှင့်ငွေများနှင့်၊ ထောက်ပံငွေများကိုပါပေးအပ်ပြီး မိဘများထံ စနစ်တကျလွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သိရှိရပါတယ်။