အာဆီယံအစည်းအဝေးမှာ…….

(၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတွင် အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် အာဆီယံဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ပညာရေးစနစ်များ ကြေညာစာတမ်းကို အတည်ပြုကာ အာဆီယံ-ရုရှားဖက်ဒရေးရှင်း ပညာရေးပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ် (၂၀၂၂-၂၀၂၆)၊ အာဆီယံ-ဟန်ဂေရီ ပညာရေးပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် အာဆီယံအဆင့်မြင့်ပညာရေး အကောင်အထည်ဖော် ရေးလမ်းပြမြေပုံတို့ကိုတင်ပြခဲ့။
• (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်း ၃ ပညာရေးဝန်ကြီးများ အစည်းအဝေးတွင် အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကာ အာဆီယံအပေါင်း ၃ နိုင်ငံ များမှ ပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့။
• (၆) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ (SEAMEO) တို့အကြားချုပ်ဆိုသည့် အရှေ့တောင်အာရှ အခြေခံပညာသင်ယူတတ်မြောက်မှု တိုင်းတာရေး (SEA-PLM) အတွက် Letter of Engagement ကို လက်မှတ် ရေးထိုးခဲ့။