ဂန့်ဂေါ PDF တစ်ဦး အမြောက်တပ်သို့ အလင်းဝင်

NUG လက်အောက်ခံ ဂန့်ဂေါခရိုင် တပ်ရင်း (၁၄) က PDF တစ်ဦးဟာ လက်နက်နဲ့အတူ တပ်မတော်ထံအလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ် (၁၄) တပ်ရင်း၊ တပ်ခွဲ (၂) က အသက် ၂၀ ခန့်အရွယ် PDF ရဲဘော်ဟာ နယ်မြေခံတပ်ဖြစ်တဲ့ ဂန့်ဂေါမြို့ ပြည်ဝအမြှောက်တပ်ကို ပါရီ 81 တစ်လက်နဲ့အတူ အလင်းဝင်ခဲ့တာလို့ သိရပါတယ်။

PDF ရဲဘော်ဟာ ဂန့်ဂေါခရိုင် တပ်ရင်း (၁၄) မှာ စစ်သက် (၂) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဂန့်ဂေါတပ်တွေနဲ့ တိုက်ခိုက်မှုဆက်နွှယ်နေတာ၊ စစ်ရေးဆိုင်ရာအဆက်အသွယ်တွေ သိရှိနေတာကြောင့် ဂန့်ဂေါ PDF တွေ ထောက်ပို့တွေကြားမှာလည်း သတိပြုရှောင်ရှားကြဖို့တိုက်တွန်းနေသလို တပ်စခန်းပြောင်းရွှေ့မှုတွေလည်း အလောသုံးဆယ် လုပ်နေကြရတယ် ပြောပါတယ်။

CRD;